• Phone: +66 627869392
  • Email: info@mosaicmm.org

Featured Post

စာမူများဖိတ်ခေါ်ခြင်း

“အရောင်သွေးစုံ အတွေးအမြင်များမှသည် ပါဝင် ပေါင်းစပ် အနာဂတ်ဆီသို့” “From Diverse Perspectives to the Shared Future” “Mosaic Voices” သည် စုံလင်ကွဲပြားသည့် မြန်မာ့ လူမှုအဝန်းအဝိုင်းများအကြား ရေရှည် တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးကိုမြှင့်တင်ရန်ရည်ရွယ်သော သုတေသနနှင့် လေ့လာ တွေ့ရှိချက်များ၊ သုံးသပ်ချက်များ၊ အတွေ့အကြုံများ၊ အတွေးအမြင်များကို မျှဝေ ဖော်ပြနိုင်မည့် ပလက်ဖောင်းတခု...


Recent Posts

နိုင်ငံမဲ့သူ၊ နိုင်ငံမဲ့ဖြစ်ခြင်းနဲ့ နိုင်ငံမဲ့မှုပြဿနာ

နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံရသူတွေ၊ နိုင်ငံကူးလက်မှတ် မရှိသူ တွေ၊ တရားဝင်နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေရသူတွေကို နိုင်ငံမဲ့သူများ (Stateless People) လို့ သတ်မှတ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ နိုင်ငံမဲ့သူ သန်းပေါင်းများစွာရှိနေပြီး လူ့အခွင့်အရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတဲ့ အခွင့်အလမ်းတွေကနေ ကင်းမဲ့နေရတဲ့သူတွေပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာမှာ နိုင်ငံမဲ့သူအားလုံးပေါင်း...

ရေခံမြေခံအရလိုအပ်ချက်NTA(သို့မဟုတ်)ဖက်ဒရယ်ကိုအတောင်တပ်ခြင်း

စစ်တပ်ဖိနှိပ်တာတွေနဲ့ ဖိနှိပ်ခံရသူတွေရဲ့တန်ပြန်လှုပ်ရှားမှုတွေက ဒီနိုင်ငံရဲ့နိုင်ငံရေးကံကြမ္မာကို ပြဋ္ဌာန်းခဲ့ ပါတယ်။ ၂၀၂၁ တကျော့ပြန် စစ်အာဏာသိမ်းမှု အလွန် အချိန်က ဖိနှိပ်မှုနဲ့တုံ့ပြန်မှုနှစ်ခုလုံး အားကောင်း တဲ့အချိန်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ အစဉ်ဆက် ရှိခဲ့ရတဲ့ နိုင်ငံအနောက်စွန်းက အရှေ့ဖျား၊ မြောက်‌‌ဘက်တောင်တန်းတွေကတောင်ဘက်ပင်လယ်တွေအထိ “စစ်တပ်ရဲ့အာဏာကို ဖီဆန်ခြင်းနဲ့ ကိုယ့်နိုင်ငံ‌ရေးကိုယ်ပိုင်ခြင်းဆိုတဲ့ အထိုင်နှစ်ခု”ကို အခြေခံတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိုပြောလာပါတယ်။ အခုထိပြောနေတဲ့ ပြဋ္ဌာန်းခွင့်မှာ အကန့်အသတ်တွေနဲ့ပါ။...

နိုင်ငံသားဖြစ်မှုသည် နိုင်ငံရေးအရ အသုံးချစရာမဟုတ်

Jus soli လို့ ခေါ်တဲ့ Birthright Citizenship မူဝါဒကို ၂၀၂၅ ခုနှစ်အထိဆိုရင် ကမ္ဘာပေါ်က နိုင်ငံပေါင်း ၃၀ ဝန်းကျင် ကျင့်သုံးကြပါတယ်။ ဒီမူဝါဒရဲ့ အနှစ်သာရကတော့ မိဘတွေက သူတို့ ကလေး မွေးဖြစ်သွားတဲ့နိုင်ငံရဲ့ နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးဖွားလာတဲ့ ကလေးဟာ အဲဒီနိုင်ငံရဲ့နိုင်ငံသား အလိုအလျောက်ဖြစ်ပါတယ်။ ခြွင်းချက်မဲ့ပါ။ ဘယ်လောက် လူသားဆန်လိုက်ပါသလဲ။ အဲဒီနိုင်ငံတွေထဲမှာ...

"အရောင်သွေးစုံ အတွေးအမြင်များ မှသည် ပါဝင်ပေါင်းစပ် အနာဂတ်ဆီသို့"